Monday, June 8, 2009

ကိုယ့်ဘဝနဲ့ကိုယ်

ဟာကွာ…..
ဘာတွေလာလာ ဖြစ်နေတာလဲ
ငါညစ်တာ အဲဒါတွေပဲ…

နင်တို့တွေမပြည့်ဝလို့ ဘောင်ဘင်ကြိုက်သလောက်ခတ်
ငါ့ကိုတော့ လာမပတ်သက်နဲ့
ငါ့ကိုယ်ရေးကိုယ်တာကိုလည်း လာမစွက်ဖက်နဲ့……

ငါ့မှာလည်း သိပ်လှတဲ့အတောင် တစ်စုံရှိတယ်
နင်တို့ထက် ဟိုးအမြင့်ထိရောက်အောင် ပျံလို့ရတယ်…..

ဝမရှိပဲဝိလုပ်ပြီး လာလာမကြွားနဲ့
ငါ့အတွက်တော့ ကြားရတာ ဟာသစကားပဲ….

မပြောဘဲနဲ့ ငြိမ်နေတိုင်း မတတ်ဘူးတဲ့လား
လောကနီတိကိုရော ဖတ်ဖူးရဲ့လား
သူများနဲ့လိုက်ပြိုင်နေရတာကိုရော မရှက်ဘူးလား…

ဟုတ်တယ်.. နင်တို့နဲ့ မယှဉ်နိုင်တာ တစ်ချက်မှာ
ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး ပညာကိုတော့ ငါမတတ်ပါ

နေစမ်းပါ ကိုယ့်ဘဝနဲ့ကိုယ်
ကောင်းကင်ကို ပြောသလို
“ ကိုယ့်ခေါင်းထဲက မီးလုံးကို အလင်းဆုံးထင်ကြတာပဲ..
ကိုယ့်မီးလုံးနဲ့ ကိုယ်လင်း
သူများမီးလုံးကိုတော့ လာမခွင်းကြေး “ ……

1 comment:

  1. ကဗျာလေး မာန်ပါတယ်ဗျာ။ ကျနော့် ကဗျာစာပိုဒ်လေး နှစ်သက်ကြောင်းသိရလို့ လည်း ကျေးဇူးပါ။ စောင့်မျှော် အားပေးနေမယ်ဗျာ။ link လုပ်ထားလိုက်မယ်ဗျာ။

    ReplyDelete